ဗေသနိရွာ/တွင် ယေရှု/၏ ခေါင်းတော်/ပေါ်သို့ ဆီမွှေးသွန်းလောင်းခြင်း
14
ပသခါပွဲတော်/နှင့် တဆေးမဲ့/မုန့်ပွဲတော်များ မကျင်းပ/မီ နှစ်ရက်/အလို/တွင် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/သည် ယေရှု/ကို တိတ်တဆိတ် ဖမ်းဆီး/၍ သတ်/ရန် အခွင့်ကောင်း/ကို ရှာကြ၏။ 2 သူတို့/က “လူထု/အကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်/ကို စိုးရိမ်ရ/သောကြောင့် ပွဲတော်ရက်/အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
3 ယေရှု/သည် ဗေသနိရွာ/ရှိ အနာကြီးရောဂါ/စွဲကပ်ဖူးသူ ရှိမုန်/၏/အိမ်/၌ ရှိတော်မူ/စဉ်a အမျိုးသမီး/တစ်ဦး/သည် အလွန်/တန်ဖိုး/ကြီးသည့် နာဒု/ဆီမွှေး/အစစ်/ထည့်ထားသော ကျောက်ဖြူဘူး/တစ်လုံး/ကို ကိုင်/၍ ရောက်လာ၏။ ထို့နောက် သူ/သည် ဘူး/ကို ခွဲဖွင့်ပြီး/လျှင် ထို/ဆီမွှေး/ကို ယေရှု/၏ ခေါင်းတော်/ပေါ်၌ လောင်းလေ၏။
4 ထိုအခါ လူ/တချို့/သည် ဒေါသထွက်/၍ “အဘယ်ကြောင့် တန်ဖိုး/ကြီးသော/ဆီမွှေး/ကို ဤသို့/ဖြုန်းတီး/ရသနည်း။ 5 ဤ/ဆီမွှေး/ကို ငွေဒင်္ဂါးb/ပြား/သုံးရာ/ဖြင့်/ရောင်း/၍ ဆင်းရဲသားများ/အား လှူဒါန်း/သင့်သည်” ဟု အချင်းချင်း/ပြောဆို/ကာ ထို/အမျိုးသမီး/ကို အပြစ်တင်ကြ၏။
6 သို့သော် ယေရှု/က “ရှိပါစေ။ ငါ့/အတွက် ကောင်းမှု/ပြုသော ဤ/အမျိုးသမီး/ကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။ 7 ဆင်းရဲသားများ/သည် သင်တို့/နှင့်အတူ အစဉ်အမြဲ/ရှိကြ၏။ ထို့ကြောင့် သင်တို့/စိတ်ဆန္ဒ/ရှိသည့်/အခါတိုင်း သူတို့/ကို ကူညီ/နိုင်၏။ သို့ရာတွင် ငါ/သည် သင်တို့/နှင့်အတူ အစဉ်အမြဲ ရှိနေမည်/မဟုတ်။ 8 ဤ/အမျိုးသမီး/သည် သူ/တတ်နိုင်သမျှ/ကို ပြုပြီ။ ငါ့/ကို သင်္ဂြိုဟ်/ရန်/အတွက် ငါ့/ကိုယ်ခန္ဓာ/ပေါ်၌ ကြိုတင်/၍ ဆီမွှေး/လိမ်းပြီ။ 9 သင်တို့/အား ငါ/အမှန်/ဆို၏။ သတင်းကောင်း/ကို ကြေညာသည့် ကမ္ဘာ/တစ်ဝန်းလုံး/တွင် ဤ/အမျိုးသမီး/၏ လုပ်ဆောင်ချက်/ကိုလည်း အစဉ်/အောက်မေ့သတိရ/၍ ပြောဆိုကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု/ကို သစ္စာဖောက်/ရန် ယုဒ/သဘောတူခြင်း
10 ထို့နောက် တပည့်တော်/ဆယ့်နှစ်ပါး/တွင် တစ်ပါး/ဖြစ်သော ယုဒရှကာရုတ်/သည် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/လက်သို့ ယေရှု/ကို အပ်/ရန် သူတို့/ထံသို့ ထွက်သွားလေ၏။ 11 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/က ယုဒရှကာရုတ်/လာရခြင်း/အကြောင်း/ကို ကြား/သောအခါ ဝမ်းမြောက်/၍ သူ့/အား ငွေ/ပေး/ရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒ/သည် ယေရှု/ကို ထို/သူတို့/လက်သို့ အပ်နှံ/ရန် အခွင့်ကောင်း/ကို ရှာကြံ/လျက်/နေ၏။
နောက်ဆုံးသော/ညစာ
12 တဆေးမဲ့/မုန့်ပွဲတော်/ပထမ/နေ့/ဖြစ်သည့် ပသခါ/သိုးသငယ်/ကို ယဇ်ပူဇော်ရသော/နေ့/တွင် ယေရှု/၏ တပည့်တော်တို့/က “သခင့်/အတွက် ပသခါပွဲတော်c/ညစာ/ကို အကျွန်ုပ်တို့ မည်သည့်/နေရာ/သို့ သွား/၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
13 ယေရှု/က တပည့်တော်/နှစ်ပါး/အား “သင်တို့/သည် မြို့/ထဲသို့ ဝင်/သောအခါ ရေအိုး/ထမ်းလာသော/လူ/တစ်ဦး/နှင့် ဆုံ/လိမ့်မည်။ ထို/သူ/နောက်သို့/လိုက်/၍ သူ/ဝင်သည့်/အိမ်/သို့ ဝင်ကြလော့။ 14 ထို့နောက် အိမ်ရှင်/အား ‘ဆရာတော်/က “ငါ/၏ တပည့်တို့/နှင့်အတူ ပသခါပွဲတော်/ညစာ/ကို စားရမည့် ဧည့်ခန်း/သည် မည်သည့်/နေရာ/တွင်/ရှိသနည်း” ဟု သင့်/အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ 15 ထို/သူ/သည် သင်တို့/အား ခင်းကျင်းထားသော အိမ်/အပေါ်ထပ်/ခန်းမကြီး/ကို ပြ/လိမ့်မည်။ ထို/အခန်း/တွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။ 16 ထို့နောက် တပည့်တော်/နှစ်ပါးတို့/သည် မြို့/ထဲသို့ သွားကြ/ရာ ယေရှု/မိန့်မှာသည့်/အတိုင်း တွေ့မြင်/၍ ပသခါပွဲတော်/ကို ပြင်ဆင်ကြ၏။
17 ညနေချမ်း/အချိန် ရောက်/သောအခါ ကိုယ်တော်/သည် တပည့်တော် ဆယ့်နှစ်ပါး/နှင့်အတူ ကြွလာတော်မူ၏။ 18 သူတို့/သည် စားပွဲ/၌ ထိုင်d/လျက် စားသောက်နေကြ/စဉ် ယေရှု/က “သင်တို့/အား ငါ/အမှန်/ဆို၏။ ငါ/နှင့်အတူ စားနေသော သင်တို့/အထဲမှ တစ်ယောက်/သည် ငါ့/ကို သစ္စာဖောက်/လိမ့်မည်” ဟု မိန့်တော်မူ၏။
19 ထိုအခါ တပည့်တော်တို့/သည် အလွန်/စိတ်ထိခိုက်/လျက် “သခင်ဘုရား… ထို/သူ/သည် အကျွန်ုပ်/လော” ဟု တစ်ဦး/ပြီး/တစ်ဦး မေးလျှောက်ကြ၏။
20 ကိုယ်တော်/က “ထို/သူ/သည် သင်တို့/ဆယ့်နှစ်ပါး/ထဲမှ ဖြစ်/၍ ငါ့/နှင့်အတူ ပန်းကန်/တွင် မုန့်/ကို တို့စားသောသူ/ဖြစ်၏။ 21 ကျမ်းစာ/၌ ရေးထားသည့်/အတိုင်း လူသားe/သည် အသေခံရမည်။f သို့ရာတွင် လူသား/ကို သစ္စာဖောက်သော/သူ/သည် အမင်္ဂလာ/ရှိ၏။ ထို/သူ/သည် မွေးဖွား/မလာခဲ့/လျှင် ပို၍/ကောင်းသည်” ဟု မိန့်တော်မူ၏။
22 ထို့နောက် သူတို့/သည် အစာသုံးဆောင်/လျက် နေကြ/စဉ် ယေရှု/သည် မုန့်/ကို/ယူ/၍ ဘုရားသခင်/၏ ကျေးဇူးတော်/ကို ချီးမွမ်းတော်မူ၏။ မုန့်/ကို/ဖဲ့/၍ တပည့်တော်တို့/အား ပေးတော်မူ/လျက် “ယူ/၍ စားကြလော့။ ဤ/မုန့်/သည် ငါ/၏/ကိုယ်ခန္ဓာ/ဖြစ်၏” ဟု မိန့်တော်မူ၏။
23 စပျစ်ရည်ခွက်/ကိုလည်း ယူ/၍ ကျေးဇူးတော်/ကို ချီးမွမ်း/ပြီးနောက် တပည့်တော်တို့/အား ပေးတော်မူ/လျှင် သူတို့/အားလုံး/သည် သောက်ကြ၏။ 24 ယေရှု/က “ဤ/စပျစ်ရည်/သည် လူများစွာတို့/အတွက် သွန်းလောင်းသော ငါ/၏/သွေး/ကို ပုံဆောင်၏။ ငါ/၏/သွေး/သည် ဘုရားသခင်/နှင့် လူများ/အကြား ဖွဲ့သော ပဋိညာဉ်/သစ်/ကို သက်သေပြု၏။ 25 သင်တို့/အား ငါ/အမှန်/ဆို၏။ ဘုရားသခင်/၏ နိုင်ငံတော်/၌ သင်တို့/နှင့်အတူ ထပ်မံ/သောက်ရသည့်/နေ့ မတိုင်မီ/အထိ ဤ/စပျစ်ရည်/ကို ငါ/မသောက်” ဟု မိန့်တော်မူ၏။
26 ထို့နောက် သူတို့/သည် ဓမ္မသီချင်း/တစ်ပုဒ်/ကို သီဆိုကြ/ပြီးနောက် သံလွင်တောင်/သို့ ထွက်သွားကြ၏။
ပေတရု/ငြင်းဆိုမည့်/အကြောင်း ကြိုတင်/ဟောတော်မူခြင်း
27 ထိုအခါ လမ်း/၌ ယေရှု/က “ကျမ်းစာ/တွင်
‘ငါ/သည် သိုးထိန်း/ကို ရိုက်တော်မူ/သဖြင့်
သိုးတို့/သည် ကွဲလွင့်သွားကြရမည်’
ဟု ရေးထားသည့်/အတိုင်း သင်တို့/သည် ငါ့/ကို စွန့်ခွာသွားကြ/လိမ့်မည်။ 28 သို့ရာတွင် ငါ/သည် သေခြင်း/မှ ထမြောက်/ပြီးနောက် ဂါလိလဲပြည်/သို့ သင်တို့/ထက် ဦးစွာ/သွားမည်” ဟု မိန့်တော်မူ၏။
29 ထိုအခါ ပေတရု/က “အခြားသူ/အပေါင်းတို့/သည် သခင့်/ကို စွန့်ခွာကြ/လျှင်/လည်း အကျွန်ုပ်/သည် မည်သည့်/အခါမျှ စွန့်ခွာမည်/မဟုတ်ပါ” ဟု လျှောက်လေ၏။
30 ယေရှု/က “သင့်/အား ငါ/အမှန်/ဆို၏။ ယနေ့/ည/၌ပင် ကြက်/နှစ်ကြိမ်/မတွန်မီ သင်/သည် ငါ့/ကို သုံးကြိမ်/တိုင်တိုင် ငြင်းဆို/လိမ့်မည်” ဟု မိန့်တော်မူ၏။
31 ပေတရု/က “အကျွန်ုပ်/သည် သခင်/နှင့်အတူ သေရမည်/ဆိုလျှင်ပင် သခင့်/ကို အကျွန်ုပ် မည်သည့်/အခါမျှ ငြင်းပယ်မည်/မဟုတ်” ဟု အလေးအနက်/လျှောက်လေ၏။ အခြား/တပည့်တော်တို့/သည်လည်း ထို/နည်းတူ/လျှောက်ကြ၏။
ဂေသရှေမန်/ဥယျာဉ်/တွင် ဆုတောင်းတော်မူခြင်း
32 ထို့နောက် ယေရှု/နှင့် တပည့်တော်တို့/သည် ဂေသရှေမန်/အမည်ရှိသော အရပ်/သို့ ရောက်တော်မူ၏။ ယေရှု/က တပည့်တော်တို့/အား “ငါ/ဆုတောင်းနေ/စဉ် ဤ/နေရာ/၌ သင်တို့/ထိုင်နေကြလော့” ဟု မိန့်တော်မူ/ပြီးလျှင် 33 ပေတရု၊ ယာကုပ်/နှင့် ယောဟန်/တို့/ကို ခေါ်သွားတော်မူ၏။ ယေရှု/သည် အလွန်/စိတ်/ပူပင်သောက/ရောက်တော်မူ/သဖြင့် 34 တပည့်တော်တို့/အား “ငါ/၏/စိတ်ဝိညာဉ်/သည် သေလုမတတ်/ဝမ်းနည်း/လျက်/ရှိ၏။ ဤ/နေရာ/တွင် နေ/၍ သတိ/နှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
35-36 ထို့နောက် ရှေ့/သို့ အနည်းငယ် ကြွသွား/၍ မြေ/ပေါ်/တွင် ပျပ်ဝပ်တော်မူ/ပြီးလျှင် “အို အဖ/ခမည်းတော်… ကိုယ်တော်/သည် အရာခပ်သိမ်း/ကို တတ်နိုင်တော်မူ၏။ ဤ/ခွက်/ကို အကျွန်ုပ်/ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်/၏ အလိုဆန္ဒ/အရ မဟုတ်ဘဲ ကိုယ်တော်/၏ အလိုတော်/အတိုင်းသာ/ဖြစ်စေတော်မူပါ” ဟု မိမိ/ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်/အချိန်နာရီ/ကို ဖြစ်နိုင်/လျှင် လွန်သွား/စေတော်မူ/ရန်အတွက် ဆုတောင်းတော်မူ၏။
37 ထို့နောက် တပည့်တော်တို့/ထံသို့ ပြန်/ကြွ/သောအခါ သူတို့/သည် အိပ်ပျော်/နေကြသည်/ကို တွေ့မြင်တော်မူ/သဖြင့် ပေတရု/အား “ရှိမုန်… သင်/သည် အိပ်ပျော်နေသလော။ တစ်နာရီ/မျှပင် သတိ/နှင့် မစောင့်နိုင်သလော။ 38 ဖြားယောင်း/သွေးဆောင်ခြင်း/ထဲသို့ လိုက်ပါမသွား/စေရန် သတိ/နှင့် စောင့်နေ/လျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်/သည် ဆန္ဒရှိ/သော်လည်း ကိုယ်ခန္ဓာ/မှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
39 တစ်ဖန် ယေရှု/သည် ကြွတော်မူ/၍ ယခင်က/အတိုင်း ဆုတောင်းတော်မူ၏။ 40 ထို့နောက် တပည့်တော်တို့/ထံ ပြန်ကြွ/သောအခါ သူတို့/သည် ငိုက်မျဉ်း/၍ အိပ်ပျော်နေကြသည်/ကို တွေ့မြင်တော်မူ၏။ သူတို့/သည် ကိုယ်တော်/အား မည်သို့/ပြန်လည်/ဖြေကြားကြရမည်/ကို မသိကြ။
41 သူတို့/ထံသို့ တတိယ/အကြိမ် ပြန်ကြွလာတော်မူ/ပြီးနောက် ယေရှု/က “သင်တို့/သည် ယခု/တိုင်အောင် အိပ်ပျော်/လျက် နားနေကြသေးသလော။ တော်လောက်ပေပြီ။ လူသား/ကို အပြစ်သားတို့/၏ လက်/ထဲသို့ အပ်နှံရသော/အချိန် ရောက်လာပြီ။ 42 ထကြ။ သွားကြစို့။ ငါ့/ကို သစ္စာဖောက်အပ်နှံမည့်/သူ ရောက်နေပြီ” ဟု မိန့်တော်မူ၏။
သစ္စာဖောက်/ခံရတော်မူခြင်း/နှင့် ဖမ်းဆီး/ခံရတော်မူခြင်း
43 ထိုသို့ မိန့်တော်မူ/စဉ် တပည့်တော်/ဆယ့်နှစ်ပါး/အနက် တစ်ပါး/ဖြစ်သော ယုဒ/သည် တုတ်/နှင့်/ဓားများ/ကို ကိုင်ဆောင်သော/လူအုပ်ကြီး/နှင့်အတူ ရောက်လာ၏။ ထို/သူတို့/သည် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ/နှင့် အကြီးအကဲတို့/မှ လွှတ်လိုက်သော/လူအုပ် ဖြစ်၏။ 44 ယေရှု/ကို သစ္စာဖောက်/၍ အပ်နှံသော ယုဒ/က “ငါ/နမ်း/၍ နှုတ်ဆက်သော/သူ/သည် ယေရှု/ဖြစ်၏။ သူ့/ကို ဖမ်းဆီး/ကာ စောင့်ကြပ်/၍ ခေါ်ဆောင်သွားကြလော့” ဟု သူတို့/အား အချက်ပြ/အမှတ်အသား/ပေးထား၏။
45 သူ/သည် ရောက်/လျှင် ယေရှု/ထံတော်သို့ ချက်ချင်း လာ/၍ “ဆရာတော်g…” ဟု ခေါ်ဆို/လျက် နမ်းလေ၏။
46 ထိုအခါ လူတို့/သည် ယေရှု/ကို ဖမ်းဆီးချုပ်နှောင်ကြ၏။ 47 သို့သော် ယေရှု/နှင့်အတူ ရှိနေသော/သူ/တစ်ဦး/သည် ဓား/ကို ဆွဲထုတ်/၍ ယဇ်ပုရောဟိတ်မင်း/၏ အစေခံ/တစ်ဦး/ကို ခုတ်/သဖြင့် ထို/သူ/၏/နားရွက် ပြတ်လေ၏။
48 ယေရှု/က “သင်တို့/သည် ဓားပြ/တစ်ဦး/ကို ဖမ်းဆီး/သကဲ့သို့ ငါ့/ကို ဖမ်းဆီး/ရန် တုတ်များ၊ ဓားများ/နှင့် လာကြရသလော။ 49 ငါ/သည် နေ့စဉ်နေ့တိုင်း သင်တို့/နှင့်အတူ ရှိ/လျက် ဗိမာန်တော်/တွင် ဟောပြော/သွန်သင်နေခဲ့/သော်လည်း သင်တို့/သည် ငါ့/ကို မဖမ်းဆီးဘဲ/နေကြ၏။ သို့သော် ဤသို့/ဖြစ်ပျက်ရခြင်း/မှာ ကျမ်းစာ/တွင် ငါ/နှင့်/ပတ်သက်/၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာ/စေရန်/ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
50 ထိုအခါ တပည့်တော်/ရှိသမျှတို့/သည် ယေရှု/ကို စွန့်ခွာ/၍ ထွက်ပြေးကြ၏။ 51 လူငယ်/တစ်ဦး/သည် ပိတ်ချောထည်/ကိုသာ ခြုံ/လျက် ယေရှု/၏/နောက်တော်/မှ လိုက်၏။ လူတို့/သည် ထို/လူငယ်/ကို ဖမ်းဆီး/ရန် ကြိုးစား/သောအခါ 52 သူ/သည် ပိတ်ချောထည်ကို/ပစ်/၍ အဝတ်/မပါဘဲ ထွက်ပြေးလေ၏။
တရားလွှတ်တော်/၌ စစ်ဆေးခံရတော်မူခြင်း
53 ထို/သူတို့/သည် ယေရှု/ကို ယဇ်ပုရောဟိတ်မင်း/၏ အိမ်/သို့ ခေါ်ဆောင်သွားကြ၏။ ထို/အိမ်/၌ ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ အကြီးအကဲများ/နှင့် ကျမ်းတတ်ဆရာများ/သည် စုဝေး/လျက် ရှိကြ၏။ 54 ထို/အချိန်/တွင် ပေတရု/သည် ယဇ်ပုရောဟိတ်မင်း/၏ ရုံးတော်ဝင်း/တိုင်အောင် မလှမ်းမကမ်း/မှ လိုက်လေ၏။ သူ/သည် အတွင်း/သို့ ဝင်/၍ အစောင့်တပ်သားများ/နှင့်အတူ ထိုင်/ကာ မီးလှုံ/လျက် နေ၏။
55 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ အကြီးအကဲများ/နှင့် တရားလွှတ်တော်/တစ်ရပ်လုံး/သည် ယေရှု/ကို သေဒဏ်/ချမှတ်/နိုင်ရန် သက်သေ/ကို ရှာဖွေကြ/သော်လည်း မတွေ့ကြ။ 56 လူများစွာတို့/သည် ယေရှု/နှင့်/ပတ်သက်/၍ မမှန်သော/သက်သေများ ထွက်ဆိုကြ/သော်လည်း သူတို့/၏/ထွက်ဆိုချက်များ/မှာ တစ်ခု/နှင့်/တစ်ခု ကိုက်ညီမှု/မရှိကြပေ။ 57 နောက်ဆုံး/၌ လူ/တချို့/သည် ထ/၍ 58 “ဤ/သူ/က ‘လူ့/လက်/ဖြင့် ဆောက်လုပ်သော ဤ/ဗိမာန်တော်/ကို ငါ/ဖြိုဖျက်/၍ လူ့/လက်/ဖြင့် မဆောက်လုပ်သော ဗိမာန်တော်/ကို သုံးရက်/အတွင်း ငါ/တည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်/ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်/ထွက်ဆိုကြ၏။ 59 သို့သော် ထို/သူတို့/၏ ထွက်ဆိုချက်များ/သည် ကိုက်ညီမှု/မရှိပေ။
60 ထိုအခါ ယဇ်ပုရောဟိတ်မင်း/သည် လူတို့/ရှေ့တွင် ထ/၍ “သင့်/အား ဤသို့ စွပ်စွဲသော/ထွက်ဆိုချက်များ/ကို တစ်ခွန်း/မျှ မတုံ့ပြန်ဘဲ/နေမည်လော။ သင်/၏ အမူကိစ္စ/နှင့်/ပတ်သက်/၍ မည်သို့/ပြောလိုသနည်း” ဟု ယေရှု/ကို မေးလေ၏။ 61 သို့ရာတွင် ယေရှု/သည် မေးခွန်း/ကို ဖြေတော်မမူဘဲ တိတ်ဆိတ်/စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်း/က “သင်/သည် မင်္ဂလာ/ရှိသော ဘုရားသခင်/၏/သားတော် ခရစ်တော်/ဖြစ်သလော” ဟု ယေရှု/အား မေးလေ၏။
62 ယေရှု/က “မှန်ပါ၏။ လူသား/သည် တန်ခိုးရှင်/၏/လက်ယာတော်ဘက်/၌ ထိုင်/၍ ကောင်းကင်/မှ မိုးတိမ်/စီး/လျက် ကြွလာသည်/ကို သင်တို့/မြင်ကြရ/လိမ့်မည်”h ဟု ပြန်/၍ မိန့်တော်မူ၏။
63 ထိုအခါ ယဇ်ပုရောဟိတ်မင်း/သည် မိမိ/ဝတ်ရုံ/ကို ဆုတ်ဖြဲ/လျက် “အခြား မည်သည့်/သက်သေ လိုတော့မည်နည်း။ 64 ဘုရားသခင်/ကို စော်ကားသော သူ/၏/စကား/ကို သင်တို့/အားလုံး ယခု/ကြားကြရလေပြီ။ သင်တို့ မည်သို့/ထင်မြင်ကြသနည်း” ဟု မေး/လျှင် သူတို့/အားလုံး/က “သူ/သည် သေဒဏ်/ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။
65 ထို့နောက် လူတချို့/သည် ယေရှု/ကို တံတွေး/နှင့် ထွေးကြ၏။ မျက်နှာတော်/ကို ဖုံးအုပ်ပြီး/လျှင် ကိုယ်တော်/ကို လက်သီး/ဖြင့် ထိုးနှက်/၍ “ပရောဖက်ပြု/၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့/ကလည်း ယေရှု/၏/ပါးတော်/ကို ရိုက်ပုတ်ကြ၏။
ယေရှု/ကို မသိကြောင်း ပေတရု/ငြင်းဆိုခြင်း
66 ထို/အချိန်/တွင် ပေတရု/သည် ရုံးတော်ဝင်း/အတွင်း/၌ ထိုင်နေ/စဉ် ယဇ်ပုရောဟိတ်မင်း/၏ အစေခံ/အမျိုးသမီး/တစ်ဦး/သည် ရောက်လာ၏။ 67 ထို့နောက် သူ/သည် မီးလှုံနေသော/ပေတရု/ကို မြင်/သော် သေချာစွာ/ကြည့်/ပြီးလျှင် “သင်/သည်လည်း နာဇရက်မြို့သား/ယေရှု/နှင့် အတူ/ရှိခဲ့သော/သူ ဖြစ်သည်” ဟု ဆိုလေ၏။
68 သို့သော် ပေတရု/က “သင်/ပြောဆိုနေသည့်/အရာ/ကို ငါ/မသိပါ” ဟု ငြင်းဆို/လျက် ခြံအဝင်ဝ/ဘက်သို့ ထွက်သွားလေ၏။ ထို/အချိန်/တွင် ကြက်တွန်လေ၏။
69 ထို/အစေခံ/မိန်းကလေး/သည် ပေတရု/ရပ်နေသည်/ကို မြင်ပြန်/သောအခါ “ဤ/လူ/သည် ထို/သူတို့/ထဲမှ တစ်ယောက်/ဖြစ်သည်” ဟု ဆို၏။ 70 သို့သော် ပေတရု/သည် ထပ်မံ/ငြင်းဆိုလေ၏။
အချိန်/အနည်းငယ်/ကြာ/သော် ထို/နေရာ/၌ ရပ်နေသော/သူတို့/က “သင်/သည်လည်း အမှန်ပင်/ထို/သူတို့/ထဲမှ တစ်ယောက်/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်/သည် ဂါလိလဲပြည်သား/ဖြစ်သည်” ဟု ပေတရု/ကို ဆိုကြ၏။
71 ပေတရု/ကလည်း “သင်တို့/ပြောဆိုနေသော/သူ/ကို ငါ/မသိပါ” ဟု ကျိန်ဆို၏။ 72 ထို/ခဏချင်း/တွင် ဒုတိယအကြိမ်/ကြက်တွန်လေ၏။
ထိုအခါ ပေတရု/သည် “ကြက်/နှစ်ကြိမ်/မတွန်/မီ သင်/သည် ငါ့/ကို သုံးကြိမ်/တိုင်တိုင် ငြင်းဆို/လိမ့်မည်” ဟူသော ယေရှု/မိန့်တော်မူခဲ့သည့် စကား/ကို ပြန်လည်/သတိရ/သဖြင့် ငိုကြွေးလေ၏။